Sunday, April 11, 2010

ချစ်သူ့လက်ဆောင်


တစ်ခါက...........
.တိမ်ကင်းပြီးကေ လီညှင်းချေ တသွိသွိနှင့်

အီးမြရေ ညချေတစ်ည လပချေက သာ
ငုဝါပင်ချေအောက် နှစ်ယောက်တတူထိုင်
သူ့လက်ချေကို ကိုင်လို့
ချစ်ခွန်းဆိုခရေ ညချေ တစ်ည........လေ
ထာဝရ သတိရနိန်မိပါရေ...
နုညံ့ရေ အပြုံးပန်းချေနှင့်
ရွှန်းလဲ့ မျက်ဝန်းတစ်စုံကြောင့်
လှုပ်ခုန်လာရရေ ဒေနှလုံး သားကို
သူကြားနိုင်ခရေ တစ်နိန့်က
ခေါင်းချေကို ငုံ့ ..ရှက်ပြုံးချေ ပြုံးလို့
ဘ၀ဆုံးတိုင် မမိန့်နိုင်အောင်
နှလုံးအိမ်မှာ သိမ်းထားပါလို့
ရင်ခွင်ထဲက မပွင့်တပွင့်ချေ သူပြောခရေ..........

ဖူးသစ်စအရွယ် အသဲနနုချေ တိနှင့်
အိပ်မက်ထဲထိ ချစ်မိနိန်ခကတ်စွာ..
ဇီဇ၀ါပွင့်ချေတိ သိခရေ...
မိုးစက်ဖြဖြောက် ချေတိ သိခရေ..
ဘော်သဇင်ပွင့်ချေတိ သိခရေ...
နှင်းမှုန်ပြပြာချေတိ သိခရေ..
ငုဝါပန်းချေတိ သိခရေ ...
နွီလီညှင်းသွသွိချေတိ လည်း သိခရေ.....
အားလုံး သိခကတ်ပါရေ......
ယကေလည်းလေ......
ဘ၀တစ်ကွေ့မှာ ဇာသူက ထင်ဖို့လဲ
မထင်မှတ်ဘဲနန့် သူ့အသဲနနုချေကို
ကွဲကြွီစီခမိရေ ပိုင်
ကိုယ်တိုင်လည်း သီလောက်အောင် ခံစားရ ပါရေ...
အခုထက်တိုင် ညစဉ်ရက်ဆက်
မြင်မက်တမ်းတ လွမ်းရ လို့မျက်ရည်စို့
သူလည်း ငိုလို့ရှိလီ ဖို့လား........
ပါးပြင်မို့မို့ချေထက် မျက်ရည်စက်သွယ်ပနာ
ခွဲခွာခါနီး ၀ီးရ ဖို့အသိနန့်
သူပီးလိုက်တေ မွှီးမွှီးချေတစ်ချက်
ဒေတစ်သက်အတွက် ထာဝရ လက်ဆောင်ပါ

No comments:

Post a Comment