Sunday, April 4, 2010

အဖြေမရှိ ပုစ္ဆာ

မကြုံစွာကြာလို့ မယုံနိုင်စရာ အဖြစ်တိ မိန့်မိန့်ပျောက်ပျောက် ဖြစ်နိန်ခရေငါ
သံသရာ တစ်ဂွေ့ ၊ ကံကြမ္မာ အလှည့်တစ်ချက်၊ အဖန်တစ်ရာ မမိန့်နိုင်ရေ ဗိဗ္မာန်တစ်ခု စတွိမိခ ၊
စိန်ပန်းမြိုင်မြိုင် ၊ ကံ့ကော်လှိုင်လှိုင် ၊တိမ်စိုင်တစ်လွှာ လွှမ်းခြုံးသိုင်း ကမ္ဘာ တံတိုင်းခြားထား စွာလောက်
မှုန်ဝါးဝါးစမ်းလျောက် လမ်းပျောက်သူ ငါ့အတွက် ၊ ဟိုးအ၀ီးက လင်းလဲ့ ကြယ်တစ်ပွင့်
အလင်းတစ်ချက် ဖမ်းဆုပ် လိုက်မိရေ...
မကြုံစဖူး တုန်ခုန်ပုံထူး ၊ ဒေရင်အစုံ လှုပ်ခုန်စီသူ
ရှင်းသန့် စိုပြေရေ အလှ ပိုင်ရှင် ၊ ဖြူစင်ယဉ်ကျေး ရိုးရိုးအီးအီး နန့်
နားဝင်ချို စကားသံ စက္ကန့် တစ်မျှတမ်းတနိန်မိ ၊
မျှော်လင့်မထားစွာ ဆုံတွိခရရေ ..
ဗြုန်းခနဲ တစ်ချက်ချေကြောင့် တစ်ဘ၀လုံးနေရာ ယူလိုက်စွာရာမနား
တစ်ဆတ်ဆတ်နှင့် ရစ်ပတ်နှောင်ဖွဲ့ နှိုင်းဆမရှိ တမ်းတမှု အရှိန်တိကြောင့်
ခွဲရခါနီးနှုတ်ဆက်ချိန်ကျခါမှ မုန်းတိုင်းထ ဆူညံနိန်ရေ ရင်ခွင်က
ကာရံမညီ သံစဉ်မရှိ စာသားတစ်ချို့ ၀ရုန်းသုန်းဂါး ပွင့်ထွက်မိခ .......
“...............ကို ကကောင်းချစ်တယ် ”ဆိုရေ ကိုယ်ပိုင်သံစဉ်ချေ
ထထွီးလုံးလို့ တုန်ရီနိန်ခလီ လား!
လှုံ့ဆော်မှု ပြင်းထန် အားကြီးလို့ အနှိုင်းမဲ့ ခံစားချက်တိ နက်ရှိုင်းအသဲ အိမ်ထဲမှာ ပြည့်ညှပ်နိန်ခ
“..............” မင်းလေ ငါ့ရင်ထဲကို ချောင်းကြည့်မိခယင့်လား
ငါ့မျက်လုံးတိကို ဖတ်မိခယင့် လား
မင်းကိုဇာကြောင့် ချစ်မိလားခစွာလဲချင့် မရေမရာ အဖြေရှာ နိန်တတ်မိယာ....
ယေဒါလည်းလေ သေချာရေ အဖြေဂါး မရနိုင်ပါ ဝေ..........

No comments:

Post a Comment