Saturday, April 3, 2010

အေးမြတဲ့ မနက်ခင်မှာ
ဆီးနှင်းတဝေေ၀ရဲ့ စိုထိုင်းငွေ့နဲ့
ယှက်သန်းလေပြေနုလေးတွေ ရှူရှိုက်ရင်း
ခွဲခွာကြရပေမယ့်
ရင်ထဲတိုးဝင်ရောက်ရှိလာတာကတော့
နှလုံးသားကွဲအက်သံတွေနဲ့
အရှိန်ပြင်းပြင်းစွဲလောင်စေမယ့်
အပူမီးတွေပဲ
ခြောက်ခြားသံတွေနဲ့
တစ်မြိုက်မြိုက်ကျွမ်းလောင် ခံနေရတယ်
ငြှိမ်းသတ်ပေးမယ့်ဖြူဖွေးသန့်စင်တဲ့
မေတ္တာရဲ့ချိုမြိန်မှုလေးတွေက
ဘယ်ဆီမှာလဲ
အလွမ်းမောရင်တွင်းမျှော်လင့်ချက်တွေက
ကြောမရှိကြာပန်း ပွင့်ချပ်လွှာလေးတွေလို
ညှိုးရော်နေလေရဲ့
လှိုင်းထလေရဲ့ဂီတသံနဲ့
တေးညည်းနေရှာတဲ့စန္ဒရားခိုငှက်လေးတွေ
ဝေ့ဝေ့ပျံနေတဲ့ မနက်ခင်းကို
အဖော်ပြုရင်း ထွက်ခွာသွားသူကို
တုန်ရီမျက်ဝန်းတွေနဲ့ ငေးမောရင်း ဆန္ဒပြုလိုက်မိပါတယ်…
`သူ့ဘ၀လေး သာယာချမ်းမြေ့ပါစေ`

No comments:

Post a Comment