Sunday, August 22, 2010

ရင်ခွင်ပျောက်သားရို့၏ ငိုရှိုက်သံ

အီးယေင် အီးယောင်
အီးယောင်မှာတမ်း၊လမင်းရိပ်ခေါ်
ခေါ်ရေလက်ညှိုး၊အာကာထိုးကေ

ကျလာဖို့လာ ၊ လာဖို့လာလို့
မျှော်ရေသားချေ၊ ရင်မာဗွေလိမ့်
မချိသာခို၊ မျက်ရည်ယို၍
တမ်း တတတ၊ သူရို့လွမ်းရေ
လွမ်းလိမ့်မေလေ၊ လွမ်းလိမ့်မေ ။

အီးယောင်အီးယောင်
အမှောင်လဲရောက်၊ နီရောင်ပျောက်ယာ
ဇာမာလဲလေ၊
ခြီသံဖြိုးဖြောက်၊ နားကိုထောက်လို့
လာဖို့သူ့လမ်း ၊ သားရို့တမ်းကာ
မျှော်နီလိမ့်မေ ၊ မျှော်လိမ့်မေ ။

ဘားဘာ ဘားဘာ
ဘားဘာနှုတ်အာ၊ ရင်မာပွေ့ချီ
သာချိုတေးခြင်း၊ ညှင်းကာသိပ်မှ
အိပ်ရေဘသား၊ အဘုချေရို့
အမှောင်တို့ကေ
ဘားဘာခွန်းဆို ၊ သံချိုလီညှင်း
စီးဆင်းဖို့လာ ၊ စီးဖို့လာလို့
နားခွင်ကိုစွင့် ၊ အိပ်လို့မပျော်
မျှော်ကာတမ်းတ၊ သူရို့လွမ်းရေ
လွမ်းလိမ့်မေဝေ၊ လွမ်းလိမ့်မေ ။

ဘားဘာ ဘားဘာ
ရောင်ဝါလည်းပျောက်၊အမှောင်ရောက်ယာ
ဇာခါလာလို့ ၊ပြန်လာဖို့လေ
ဘားဘာလာလမ်း၊ မှန်းကာတ၍
ထမင်းနို့ပြတ် ၊ရွက်နို့ရို့မှာ
သည်းလွှာမီးမြစ၊် အပူဆိုက်လို့
ဘဝလမ်းခက်
ခက်လိမ့်မေဝေ၊ခက်လိမ့်မေ ။

သံဒေမျိုးဆက်၊ သူယုတ်ပျက်ကြောင့်
အမိနို့ခမ်း၊ ရွက်နုကြမ်းမာ
မိုးလီထန်ထန်၊ နီဟုန်ပြင်းပြင်း
ကန္တာရကြမ်း၊ ခရီးလမ်းကို
အမှောင်လွှမ်းလို့
ခင်းလီယက်လေ၊ ခင်းလီယက် ။
                             
                                  Ashon (Rammar)

No comments:

Post a Comment